မုန်းတယ်လို့ မပြောဘဲ
ခွဲခွာခဲ့ရတဲ့ ချစ်သူတွေရှိခဲ့သလို
အရမ်းချစ်ခဲ့ပြီးမှ နာကျင်စွာ ကျောခိုင်းခဲ့ရသူတွေလည်း
ရှိခဲ့ကြတယ်။
ချစ်တယ်လို့ တစ်ခွန်းမှမပြောဘဲ
ပေါင်းသင်းခဲ့ကြတဲ့လူတွေရှိခဲ့သလို
ချစ်တယ်...လွမ်းတယ်.....မခွဲကြေးနော်လို့ ပြောပြီးမှ
သူစိမ်းတွေလို လက်ပြနုတ်ဆက်ခဲ့သူတွေလည်း
ရှိနေကြတယ်။
ချစ်သူတွေလို ရည်းစားမဖြစ်ဘဲ
တစ်ယောက်ရဲ့ရင်ထဲကို တစ်ယောက်က ပြောဖို့မလိုအောင်
ရင်ဘတ်ချင်းနီးနေတဲ့ ကြိတ်ပုန်းချစ်သူတွေရှိနေသလို
လူသိရှင်ကြား ပေါ်တင်တွဲနေကြသော်လည်း
ရင်ဘတ်ထဲမှာ ရှိနေတာက အခြားတစ်ယောက်ဖြစ်နေသူတွေလည်း
ရှိနေကြတယ်။
လွမ်းတယ်လို့ မပြောဘဲ ကြိတ်ငိုနေရတဲ့
သူတွေရှိနေကြသလို
မျက်ရည်ကိုအရောင်ပြပြီး အခြားတစ်ယောက်ကို
သတိရနေသူတွေလည်း ရှိနေနိုင်တယ်။
ကိုယ်တန်ဖိုးထားရသူကို ကိုယ့်ကိုယ်ထက် ပိုချစ်တဲ့သူတွေ
ရှိနေနိုင်သလို ကိုယ့်အတ္တအတွက် အခြားသူကို
အသုံးချနေသူတွေလည်း ရှိနေပါတယ်။
အချစ်ဆိုတာ အဖြူ ရောင်သက်သက်ပါ
လူတွေရဲ့အတ္တအရောင်ဆိုးမှူကြားမှာ အချစ်က
အမျိုးမျိုးသရုပ်ဆောင် အသုံးချခံဖြစ်ခဲ့ရတယ်။
လူတစ်ချို့က အချစ်ကို ဘဝလို့ထင်နေတတ်ပြီး
လူတစ်ချို့အတွက်တော့ အချစ်ဆိုတဲ့အရာက
Game တစ်ခုလိုပါပဲ။
ဒါပေမယ့် လူတစ်ချို့က ကိုယ့်အတ္တအပူမီးကို မြင်အောင်မကြည့်ဘဲ
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ
အချစ်ဆိုတဲ့အရာကို ရက်ရက်စက်စက် အပြစ်ပုံချနေတတ်ကြတယ်။
တကယ်တော့ အချစ်ဆိုတဲ့အရာက
နှလုံးသားက တွန်းလှန်ထိန်းချုပ်လို့မရအောင်
ပေါက်ဖွားလာတဲ့ အတ္တကင်းတဲ့ မေတ္တာတစ်ခုလို့ သတ်မှတ်လို့
ရပါတယ် ။
Without an ego white love
No comments yet
Be the first to reply.