Skip to content
Lumen
" ရောက်တတ်ရာရာ စာစု "
in#msu
" ရောက်တတ်ရာရာ စာစု "
"  ကျောပိုးအိတ်ကလေးလိုက်တာ " လို့လွှတ်ခနဲထွက်သွားမိသည်။
ဘတ်​စ်​ကားပြတင်းမှန်မှာဝိုးတဝါးသားမြင်ရသော 
ကိုယ့်ပုံကိုယ်ပြန်ကြည့်ရင်း
 ကျောပိုးအိတ်ထဲပါလာသမျှတွေကို
 စေ့ငုကြည့်မိတော့ ... 
အားလုံးကလိုအပ်တာတွေချည်း ။
မျက်စဉ်း ၊ မျက်မှန်ဘူး၊ အဝတ်အစားတစ်စုံ၊
 ဖုန်းအားသွင်းကြိုး၊ 
ဖတ်နေဆဲ မိုးမိုး(အင်းလျား)စာအုပ်ရယ်  ...
နောက်ပြီး .... ဘောပင်များ ..
 ပြီးလျှင်တော့ရေးချင်ရာချရေးဖို့
အဆင်သင့်အမြဲရှိနေတတ်တဲ့စာအုပ်တစ်အုပ် ။
စာအုပ်အကြောင်းတွေးမိတော့ 
စီနီယာအကိုတစ်ယောက် ပြောတဲ့
စွဲလန်းမှုပြဿနာကို သွားသတိရမိသည်။
အိုင်တီနည်းပညာခေတ်ထဲလူကိုယ်တိုင်က
 ခေါင်းမြှုပ်နေပေမယ့် ...
ကိုယ့်လက်နဲ့ကိုယ်တိုင်ရေးမှဖြစ်တည်လာသော
 လက်ရေးမူကိုချစ်တဲ့စွဲလမ်းစိတ်က
 ပြင်းထန်လွန်း ..
(အနှီ စီနီယာအကိုလိုတော့ 
Classic တွေရယ်လို့ကြွားလုံးမထုတ်လိုပါ😜) ..
...
ဆိုတော့ကာ .. 
ဝလုံးကလေးဝိုင်းဝိုင်းရေးမှစလို့ 
ခုလိုနှစ်ဆယ်စွန်းစအရွယ်အထိ 
လက်ညှိုး လက်မ လက်ခလယ်ကြားမှာ
ကျင်လည်စွာကိုင်တွယ်ပြီးရေးရသော 
မှင်ပြာပြာလေးတွေနဲ့လက်ရေးမူတွေကို 
ပါဒတစ်လုံးစီတိုင်းတစ်လုံးစီတိုင်းမြတ်မြတ်နိုးနိုး
စွဲလန်းသည်။
သွားလေရာ ပိုက်ဆံအိတ်မပါရင်နေ ...
စာအုပ်ကြားပိုက်ဆံညှပ်လို့ .
. မြို့တလွှား တကားကားဖြင့်
 သဘာဝနဲ့အကြိမ်ကြိမ်စီးမျောခဲ့ရသည်ပင် ..။
ကိုယ့်လက်ရေးမူတွေကို ကိုယ်တစ်ဦးတည်းသာ
နှစ်လိုသာယာမနေပဲ တစ်စုံတစ်ယောက်ရဲ့ 
့နှီးနှောဆွေးနွေးမှုကို ငံ့လင့်လာသောအခါ .. 
အရာရာတင်မယ် Facebook ကမ္ဘာဝယ်ကြီး၌ ... 
ကိုယ့်ရဲ့လက်ရေးမူတွေကို ဒစ်ဂျစ်တယ်
အက္ခရာတွေအဖြစ်ပုံရိပ်ပြောင်းအသက်သွင်း
ရတော့သည်။
လက်ဆယ်ချောင်းလုံး ကီးဘုတ်ကို
တဖြောင်းဖြောင်းရိုက်နေပေမယ့် ..
မျက်လုံးထဲမှာ မှင်ပြာပြာတွေပဲစွဲထင်နေတော့ ...
စွဲလမ်းမှုပြဿနာကြီးက ကိုယ့်အပေါ်အနေရခက်စေခဲ့ ....
....
ဒစ်ဂျစ်တယ်စာလုံးဝိုင်းဝိုင်းတွေမကြိုက်ပါ။
မော်နီတာ(သို့)ဖုန်းစကရင်ကို တရစပ်ကြည့်ပြီး
လက်ချောင်းတွေ မပြတ်အလုပ်ရှုပ်နေရတာကိုလည်းမနှစ်မြို့။
သို့ပေငြား ...
အိုင်တီခေတ်ထဲ မဖြစ်မနေကျွံ့ကျနေမှ
အဆင်ပြေမယ့် မြို့ပြနေမှုပုံစံရဲ့ 
အရာရာတင်မယ် Facebook ကမ္ဘာဝယ်အား .. 
စွဲလမ်းမှုပြဿနာရဲ့ခေါင်းစဉ်အောက်ဆွဲထည့်မိတော့ ...
...
...
" မှင်ပြာပြာတွေ စာမျက်နှာထက်မှာကျဲပါးလေခဲ့သလား ..."။
...
...
...
" ရေးကောင်းတဲ့ကိုယ့်ဘောပင်တွေ 
မှင်ဆံမလဲခဲ့ရတော့သည်မှာဖြင့် .
ကြာခဲ့ပါချေပြီ။ "...
.....
#LayCho
#MSU-061
·in#msu·by
16
Sort:
  • aggamun profile picture
    ဟုတ်ပ ဗျာ ကျွန်တော်လည်း စာအုပ်တွေ ကိုင်ဖတ်ရတာပဲ သဘောကျနေမိတယ် phone ထဲက pdf တွေထက်လေ
    $0.00
    • laycho profile picture
      ဒါပေါ့ . ဘဒို .. စာရွက်ဒေါင့်တွေကို .. လက်ညှိုးထိပ်လျှာလေးနဲ့သပ်ပြီးဆွဲခွာရတာ .. မှောက်ဖတ်ဖတ်၊ လှန်ဖတ်ဖတ်၊ ဘေးတစ်ေဇာင်းပဲဖတ်ဖတ် .. သွားရင်းပဲဖြတ်ဖတ် .. ဘယ်လိုဖတ်ဖတ် .. ဘယ်လိုအရသာရှိလို့ရှိမှန်းမသိတဲ့ .. စာအုပ်ဖတ်ရတာကို ... အသွေးထဲအသားထဲကကို .. မြတ်မြတ်နိုးနိုး စွဲလမ်းတာ ဘဒိုရေ ..
      $0.00
      • aggamun profile picture
        ပြီးတော့ ဖတ်ကောင်းနေချိန် battery ကုန်မှာလည်း မပူရ :-)
        $0.00
    • ayethatmon profile picture
      စာရွက်​နံ​လေးကိုက သင်း​နေတာ
      $0.00
      • laycho profile picture
        အဲ့အနံ့လေးတွေ .. ချစ်တာ ..
        $0.00
      • sattpaing profile picture
        $0.00
        • laycho profile picture
          ဘဒို့ရဲ့ကောမန့်လေးက ထပ်ပြီးအတွေးတွေကို နက်စေတယ်ဗျာ .. ကျေးဇူးပါ ..
          $0.00
        • upvotebank profile picture
          UpvoteBank
          Your upvote bank
          __2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here
          $0.00
          • htoohan profile picture
            $0.00
            • laycho profile picture
              ကျေးဇူးပါခင်ဗျ ..
              $0.00
            • komgthet profile picture
              Nice post
              $0.00
              • laycho profile picture
                Thz a lot bro
                $0.00
              • sumonthwe profile picture
                ခုဆို စာမရေးနိုင်တော့ဘူး။ လက်အဆစ်တွေနာညောင်း
                $0.00
                • laycho profile picture
                  ဟုတ်လား .. မမ စာရေးရတာကို .. ကျွန်တော်ကတော့ .. သိပ်သဘောကျတယ် ..
                  $0.00
                • steemitboard profile picture
                  Congratulations @laycho! You have completed the following achievement on Steemit and have been rewarded with new badge(s) :
                  Award for the number of comments
                  Click on the badge to view your Board of Honor. If you no longer want to receive notifications, reply to this comment with the word STOP
                  Do not miss the last post from @steemitboard: SteemitBoard World Cup Contest - Russia vs Croatia
                  Participate in the SteemitBoard World Cup Contest! Collect World Cup badges and win free SBD Support the Gold Sponsors of the contest: @good-karma and @lukestokes
                  Do you like SteemitBoard's project? Then Vote for its witness and get one more award!
                  $0.00
                  • a-a-a profile picture
                    $0.00