[ နှင်းမြူအလွင့် (၃) ]
နှင်းတော အုပ်အုပ်လေးထဲက ထင်းရှုးပင်ပျပျတွေ ... ဘက်ဖက်ခြမ်းက ခပ်နိမ့်နိမ့်တောင်ပူစာလေးနဲ့ ... အဲ့ဒီ့အထက်မှာတော့ .. အလင်းမကွဲသေးတဲ့နေလုံး ... လမ်းကလေးကလည်း .. မြူနှင်းတွေနဲ့မှုန်သီဝေ့ဝဲ ...
လမ်းကလေး .. ဒီလမ်းကလေးအပိုင်းကို ကိုယ်စိတ်တိုင်းမကျနိုင်သေး ... မြူတောထဲ တိုးဝင်ပျောက်ကွယ်သွားတဲ့ လမ်းလေးကို ရေးရတာအတော်လက်ဝင်သည်။ စိတ်အာရုံထဲစွဲမြင်တဲ့လမ်းလေးကို ... ပန်းချီအနုပညာနဲ့စိတ်ထဲအရှိအတိုင်း ဖန်တီးရတာ ... အားထုတ်ရမှုတော်တော်များသည်။ မျက်ရိုးတွေလည်း ကိုက်လာသလို ... စိတ်လည်း မွန်းကျပ်နွမ်းနယ်လာပြီ ... ဒီပုံအတိုင်းဆိုမဖြစ်တော့ ... ကိုယ်ခဏတော့ .. အနားယူမှဖြစ်တော့မည်။ ရေးလက်စ စုတ် ကို အသာချရင်းသန့်စင်နေတုန်း ... အိမ်အဝင်အဝ ဘဲလ်တီးသံ က နားထဲဝင်လာသည်။ နာရီကိုလည်ပြန်ကြည့်တော့ .. 4 : 53 ... ဘယ်သူပါလိမ့် ... အိမ်အဝင်တံခါးမက သစ်လုံးတံခါးမို့ ... သစ်လုံးတွေကြားက နေပျောက်ရဲ့အရိပ်မှာ လူတစ်ယောက်သဏ္ဍာန်တော့ ... ကြမ်းပြင်မှာမပီမသပေါ်နေသည် ... ကိုယ့်ဆီပန်းချီဆေးတွေလာပို့တဲ့ လူကလည်း သန်ဘက်ခါမှ လာမှာမို့ ... သန့်စင်ဆဲစုတ်ကို အသာချရင်း ... သစ်လုံးတံခါးကို ဖွင့်ပေးလိုက်သည်။
ဟင် ... " ပုဝါ .. " နှင်းပုဝါ ... သူမ ပါပဲ .. ကျလုဆဲနေရောင်နောက်ခံမှာ .. သူ့ဆံပင်တွေရဲ့အနားသတ်တွေက .. ရွှေရောင်တောက်နေသည်။ သေချာမျက်နှာကိုအားစိုက်ကြည့်တော့ .. အနည်းငယ် .. ဖျော့တော့နေသည်ဆိုတာတော့ သတိပြုမိလိုက်သေးရဲ့ ...
ဘယ်လိုပါလိမ့် .. မနက်ခင်းကတော့ .. ကိုယ်က သည်းကြီးမဲကြီးလိုက်ရှာရတယ် .. ခုမတော့ .. မထင်မှတ်တဲ့အချိန်မှရောက်လာခဲ့ .. အိမ်ထဲခေါ် နေရာပေးရင်း .. သူ့ထံက ထွက်လာမယ့်စကားတွေမျှော်မိသည်။
အတန်ကြာဘာမှမဆိုသေးပဲ ... ကိုယ်ကမ်းပေးတဲ့ ရေနွေးပူကိုမှုတ်သောက်ပြီးမှ ... အပြင်မှာ လမ်းလျှောက်ရအောင် ... ဟု ဆိုသည်။
ကိုယ်လည်း ဂျာကင်ကိုဆွဲ၊ ခေါင်းစွပ်ကိုစွပ်ရင်း .. သူနဲ့အတူ အပြင်ကိုထွက်ခဲ့လိုက်တယ် .. အပြင်မှာနေရောင်မပျောက်သေးမယ့် .. အအေးဓါတ်ကတော့ .. စပြီး ထွေးပတ်နေပြီမို့လား ..။ ဟိုအဝေးက တောင်တန်းတွေကြား တိုးဝင်ပျောက်ကွယ်တော့မယ့် နေလုံးကို ကောင်းကောင်းမြင်နိုင်တဲ့ ... ပြန်ပြူးတဲ့ဆင်ခြေလျှောလေးမှာသူထိုင်တယ် ... ကိုယ်လည်းသူ့နံဘေး လိုက်ထိုင်ရင်း သူငေးနေတဲ့နေရာကို အဓိပ္ပါယ်မဲ့ .. လိုက်ငေးနေတယ် .. ငေးနေတယ်ဆိုတာထက် .. သူဘာပြောမလဲ ငံ့လင့်နေတာ ...
" နှုတ်ဆက်တယ် .. နောင် " လေအဝေ့မှာ .. ရော်ရွက်တွေတဖြောဖြောလွင့်ပျံသွားမှ .. သူ့ဆီက စကားသံ တိုးဖွဖွထွက်လာတယ် .. ဘာကိုလဲ ၊ ဘယ်လိုလဲ ကိုယ်မမေးပါ ... သူငေးတဲ့နေရာကိုပဲ ကိုလိုက်ငေးနေမိတယ် ..
" ပုဝါ တို့တစ်ယောက်ကို တစ်ယောက် မေ့လိုက်ကြရအောင်နော် " " ပုဝါ တောင်းဆိုတာပါ .. ဘာကြောင့်လဲ၊ ဘာအတွက်လဲမမေးပါနဲ့ .. " " ဒီစကား အခုလိုပြောဖို့ကိုတောင် .. ပုဝါ ဘယ်လောက်အားတင်းပြင်ဆင်ထားတယ်ဆိုတာ .. နောင် ရိပ်မိမှာပါ .. " " ဘဝရဲ့ အတိတ်စာမျက်နှာ အချို့မှာ ... နောင် .. ဆိုတာ .... " " ........................................................ " " ........................................... "
ကိုယ့်နားထဲ သူမဘာတွေဆက်ပြောနေတယ်ဆိုတာ .. ကြားတစ်ချက်မကြားတစ်ချက် ... သူငေးနေတဲ့နေရာကိုသာ ကိုယ် မမှိတ်မသုတ်ငေးမိနေရင်း ... ဒီကမ္ဘာကြီးမှာ ကိုယ်ဆိုတာ သေးငယ်တဲ့အစက်အပျောက်လေးလို ခံစားလာနေရတယ် ... တလှိုက်လှိုက်နာကျင်ဆို့တက်လာတဲ့ .. ရင်ဘတ်ကို .. ဘယ်လိုမျိုး ထိန်းချုပ်ရမလဲ ... ကိုယ်မသိဘူး ... မင်း ရှေ့မှာလည်း ကိုယ် မျက်ရည်မကျချင်ဘူး ပုဝါ ... မင်းလည်းပဲ .. ကိုယ့်ရှေ့မှာ တမင်မငိုမိအောင် ထိန်းချုပ်ထားမှန်းသိတယ် .. အဖျားဆွတ်တုန်ယင်နေတဲ့ မင်းအသံကို ပီပီသသကိုကြားပါတယ် .. ဒီညနေဟာ ... ပျော်ရွှင်ခြင်းမနက်ခင်းတွေရဲ့ .. နိဂုံးကမ္မက် လား ... မြူနှင်းတွေဖြူဆွတ်မှုန်သီဝေ့ဝဲနေတဲ့ .. မနက်ခင်းတွေရဲ့ ... နှင်းကွဲချိန်ဟာ . ဒီညနေဖြစ်ခဲ့ပြီလား ... ဒီညနေရဲ့ .. နေလုံးနဲ့အတူ .. ကိုယ်တို့အိပ်မက်လေး နေဝင်သွားတော့မှာလား .. သေချာတာကတော့ .. ဒီနေလုံးက နောက်တစ်နေ့မနက်မှာ .. နွေးထွေးခြင်းတွေပိုက်ထွေးပြီးပြန်လာမှာဖြစ်ပေမယ့် .. ကိုယ်တို့အိပ်မက်လေးကတော့ .. ထာဝရ အေးခဲပြီး မြစ်ကျိုးအင်းတစ်ခုလို .. ဖြစ်တည်ကျန်ရစ်ခဲ့ရမှာပါပဲ ...
" ဟင် .. " ငါ ငိုမိတာလား .. ပါးပြင်ပေါ်ပူနွေးတဲ့ စီးကြောင်းတစ်ခု ဖြစ်သန်းသွားတာ ခံစားမိတယ် ... သူမ မမြင်အောင်လက်ဖမိုးနဲ့ သုတ်ရင်း သူမကိုကြည့်တော့ .. မရှိတော့ .. သူမအစား .. ကျနော်ပေးခဲ့ဘူးတဲ့ .. ဆွယ်တာလက်အိတ်အဖြူလေးကသာ လဲလျောင်းလျှက် ... မိန်းကလေးရယ် .. နှုတ်ဆက်တယ်ဆိုတဲ့ တစ်ခွန်းနဲ့ ကိုယ်တို့ရဲ့ သံယောဇဉ်နှင်းမြူတွေကို လွင့်ပါးစေခဲ့တယ်နော် ... သူမ မျက်နှာကိုမြင်ယောင်မိရင်း .. လက်အိတ်ကလေးကိုကောက်တော့ .. အေးမြတဲ့ မြောက်လေမှာ .. လက်အိတ်နဲ့တွဲချိတ်ထားတဲ့ ပိုစ်စကဒ်သေးသေးလေးက လက်ဖျားတွေကို တဖျတ်ဖျတ်ရိုက်ခတ် .... ဝေဝါးနေတဲ့ မျက်ဝန်းအိမ်က မျက်ရည်တွေကိုသေချာသုတ်ရင်း .. ပို့စကဒ်ကိုဖွင့်ဖတ်မိတော့ .... လက်ရေးသေးသေးလေးတွေနဲ့ ... ရေးထားတဲ့စာတစ်ကြောင်း .... .. .. .. .. .. " ချစ်တယ် .. နောင် " ... ။` ။
Writer by : Lay Cho